Thermal analysis of Induction motor

0

လျှပ်စစ်စွမ်းအင် ကို စက်မှုစွမ်းအင် ပြောင်းလဲတဲ့ electrical machine (ဒီနေရာမှာ အဓိကပြောချင်တာ induction motor) တွေ မှာ အပူအနေနဲ့ စွမ်းအင်တွေ ဆုံးရှုံးမှု ကို မလွှဲမရှောင်သာ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ အဲဒီ အပူဟာ စက်ရဲ့ အဓိက အစိတ်အပိုင်းတွေနဲ့ ကျန်တဲ့ အပိုင်းတွေကို ပါ အပူချိန် တိုးလာစေပါတယ်။ ဒီလို အဓိက အစိတ်အပိုင်းတွေမှာ တိုးလာတဲ့ အပူရဲ့ ပျမ်းမျှအပူချိန်၊ အများဆုံး ဖြစ်နိုင်တဲ့ အပူချိန် နဲ့ အပူလှိုင်းရဲ့ စီးကူးမှု ပုံကို တွက်ချက်ယူဖို့ အရေးတကြီး လိုအပ်လာပါတယ်။
Thermal calculation ပြုလုပ်နိုင်ဖို့အတွက် အောက်ပါ အချက်အလက်များ ရရှိထားဖို့ လိုအပ်ပါတယ်။
1. losses distribution in motor
2. thermal conductivity
3. thermal capacity
4. other conditions for thermal conductivity for cooling surface.
Thermal calculation လုပ်တဲ့နေရာမှာ steady state နဲ့ dynamic state calculations ဆိုပြီး မော်တာ အလုပ်လုပ်တဲ့ အပေါ်မူတည်လို့ တွက်နည်း ၂ မျိုးနဲ့ တွက်ချက်ရမှာဖြစ်ပါတယ်။ ဒါမှ သာ ပြီးပြည့်စုံတဲ့ အပူစီးကူးမှု အခြေအနေကို တွက်ယူ ရရှိနိုင်မှာဖြစ်ပါတယ်။
Steady state thermal calculation
ယနေ့ခေတ် တွက်နည်းတွေမှာတော့ steady state အပူစီးကူးမှုကို analytical methods၊ field theory နဲ့ thermal equivalent circuit ဆိုပြီး နည်း ၃ မျိုးနဲ့ တွက်ချက်ယူကြပါတယ်။ ဒီနေရာမှာတော့ thermal equivalent circuit ကိုသုံးပြီး ပဲ တွက်ချက်ပြသွားမှာ ဖြစ်ပါတယ်။
Thermal equivalent circuit method (TEC)
ဒီနည်းဟာ အပူလှိုင်းတွေကို electrical current အလုပ်လုပ်တဲ့ ပုံစံမျိုး ယူဆပြီး ဖေါ်ထုတ်ထားတာဖြစ်ပါတယ်။ ဒီလို ထပ်တူယူနိုင်တာဟာ Fourier ရဲ့ law of thermal conductivity P=(ΔΘ)Λ နဲ့ Ohm’s law of electric current I=VG (G=1/R), တို့ ထပ်တူညီနေမှု ကို အခြေခံထားတာဖြစ်တယ်။ ဒီနေရာမှာ အပူကွာခြားချက် ΔΘ ကို Voltage ခြားနားချက် V နဲ့၊ အပူလှိုင်း P ကို I နဲ့၊ heat conductivity Λ နဲ့ current conductivity G တို့ကို ထပ်တူပြုထားပါသည်။ ဒီနေရာမှာ heat conductivity Λ ကို constant လို့ ခြွင်းချက် ယူဆထားပါတယ်။ ဒါကြောင့် ဒီနည်းဟာ သာမာန် linear circuit တစ်ခုကို algebraic methods တွေသုံးပြီး ရှင်းသလို ဖြေရှင်းနိုင်ခွင့် ရရှိစေပါတယ်။

Leave a Reply

© 2011 Technology for Myanmar. All rights reserved.
Proudly designed by Theme Junkie.