Current ဆိုတာဘာလဲ?

0

Current ဆိုတာ electric charge လေးတွေစီးဆင်းသွားတာကိုခေါ်တာဖြစ်ပါတယ်။ electric chare တွေမှာ positive charge (+ive) နဲ့ negative charge (–ive) ဆိုပြီးနှစ်မျိုးရှိပါတယ်။သံ၊သတ္တု၊ကြေးစတဲ့ conducting material တွေမှာလျှပ်စစ်ဓာတ်စီးတာဟာ free electron တွေအက်တမ်တစ်လုံးကနေတစ်လုံးကိုကူးသွားတာကြောင့်ဖြစ်လို့၄င်းတို့သယ်ဆောင်လာတဲ့ (-ive) charge flow တွေကို current လို့ခေါ်တာဖြစ်ပါတယ်။အီလက်ထရွန်တိုင်းဟာသေးငယ်တဲ့လျှပ်စစ်အမဓာတ်သယ်ဆောင်ထားပါတယ်။များသောအားဖြင့်အီလက်ထရွန်(-ive) charge တွေစီးတာသဘာဝမှာပိုများပါတယ်။ဒါပေမယ့်ဓာတ်ခဲတွေ၊ဒိုင်အုတ်တွေနဲ့ထရန်စစ်စတာတွေမှာတော့ (+ive) charge (proton) တွေစီးဆင်းတာဖြစ်ပါတယ်။ (hole flow လို့လဲခေါ်ပါတယ်)။

ဒါဆိုပုစ္ဆာတွေ တွက်ဖို့အတွက် current ဆိုတာကို (+ive) လို့ယူဆမလား (-ive) လို့ယူဆမလားဆိုပြီးမေးစရာဖြစ်လာပါတယ်။အမှန်က (-ive) charge flow ကအများဆုံးဖြစ်တဲ့ဖြစ်စဉ်ပါ။ဒါပေမယ့်ဒီအကြောင်းကိုမသိခင်က current ဆိုတာကို (+ive) charge flow လို့သတ်မှတ်ခဲ့တာဖြစ်ပြီးအခုထိပြန်မပြောင်းဘဲလက်ခံသုံးစွဲနေကြပါတယ်။ဒါကြောင့်ပုစ္ဆာတွေ တွက်ဖို့တော့ current ကို +ive charge flow နဲ့ပဲလက်ခံစဉ်းစားပေးပါ။

Leave a Reply

© 2011 Technology for Myanmar. All rights reserved.
Proudly designed by Theme Junkie.